အထူးအစီအစဉ်။:
TruMoneyဝေါလပ်အကောင့် အောင်မြင်စွာဖွင့်ပြီး ပြန်အမ်းငွေ ဘတ် 20 ရယူပါ

အစီအစဥ် ကာလ: မေလ 11, 2021 – နိုဝင်ဘာလ 30. 2021

အစီအစဥ်မှာ ဘယ်လိုပါဝင်နိုင်မလဲ
TrueMoneyဝေါလပ်အကောင့် အောင်မြင်စွာဖွင့်ပြီး ပြန်အမ်းငွေ ဘတ် 20 ရယူဖို့ ခွင့်ပြုချက်ရပြီးပါပြီ

မှတ်စု
အသုံးပြုသူ 1 ယောက်အတွက် အစီအစဥ်တကြိမ်သာ ကန့်သတ်ထားသည်
TrueMoneyဝေါလပ်အသုံးပြုမည့် မြန်မာနိုင်ငံသားများအတွက်သာဖြစ်သည်
မည်သည့်ဖုန်းလိုင်းဖြင့်မဆို အသုံးပြုနိုင်သည်

စည်းမျဉ်းများနဲ့အခြေအနေများ

  1. ဤပရိုမိုးရှင်းလှုပ်ရှားမှု (“ပရိုမိုးရှင်း”) ကို True Money Company Limited (“ကုမ္ပဏီ”) ကထောက်ပံ့ပေးပြီး မေလ 11 ရက် 2021 – နိုဝင်ဘာလ 30, 2021 (“ ပရိုမိိုးရှင်း ကာလ” ) အတွင်းတွင် သတ်မှတ်ထားသော စည်းမျဥ်းအခြေအနေများဖြင့် TrueMoney Wallet အကောင့် အောင်မြင်စွာဖွင့်ပြီး အတည်ပြုနိုင်သော မြန်မာဖောက်သည်များအား အထူးအခွင့်အရေးများပေးရန်ဖြစ်သည်။
  2. ကုမ္ပဏီသည် TrueMoneyဝေါလပ်အကောင့် အောင်မြင်စွာဖွင့်ပြီး အတည်ပြုနိုင်သော မြန်မာအသုံးပြုသူများကို ပြန်အမ်းငွေ ဘတ် 20 ပေးခွင့်နှင့် ပရိုမိုးရှင်းကာလတွင် 1ယောက်လျှင် တကြိမ်သာ ပေးပိုင်ခွင့်ရှိသည်။
  3. ဤပရိုမိုးရှင်းအစီအစဉ်အောက်ရှိ အခွင့်အရေးများကို လဲလှယ်ခြင်း၊ ငွေသားပြောင်းလဲခြင်း သို့မဟုတ် အခြားတစ်ခုသို့လွှဲပြောင်းခြင်း မပြုနိုင်ပါ။
  4. ဤကမ်းလှမ်းမှုတွင် မည်သည့်အခွင့်ထူးကိုမဆိုရရှိရန်အတွက် လိမ်လည်လှည့်ဖြားမှုများတွေ့ရှိရပါက လုံးဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ကမ်းလှမ်းခြင်း၊ ဖျက်သိမ်းခြင်း၊ ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ပြန်လည်သိမ်းဆည်းခြင်းတို့အတွက် ကုမ္ပဏီမှအခွင့်ရှိပြီး
    ရရှိသောဆုကြေးအား မည်သည့်စီးပွားရေးရည်ရွယ်ချက်၊ သတ်မှတ်ထားသောအခြေအနေများအားဖောက်ဖျက်ခြင်း၊ သုံးစွဲမှုမဟုတ်သောရည်ရွယ်ချက်များ သို့မဟုတ် ကုမ္ပဏီမှကမ်းလှမ်းခြင်းကို အသုံးပြုသူမှလက်ခံပြီးနောက်တွင် လုပ်ဆောင်မှုအား ပယ်ဖြတ်ခြင်းတို့ အပါအဝင်ဖြစ်သည်။”
  5. ကုမ္ပဏီသည် စည်းမျဉ်းစည်းကမ်းများ၊ အသေးစိတ်များ သို့မဟုတ် အထူးအခွင့်အရေးများနှင့် ညီမျှသောတန်ဖိုးရှိသည့်အခြားဆုများကို ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်းနှင့် ပယ်ဖျက်ပိုင်ခွင့်ရှိသည်။ မည်သည့်အငြင်းပွားမှုတွင်မဆိုကုမ္ပဏီ၏ဆုံးဖြတ်ချက်သည်သာလျှင် အမှန်ဖြစ်သည်။
  6. အသေးစိတ်သိရှိလိုပါက၊ 1240 သို့ဆက်သွယ်ပါ။

ဆက်သွယ်ပါ   

အကောင့်ဖွင့်နည်း

1. “စတင်မည်” ခလုတ်ကိုနှိပ်ပါ။

2. မိမိဖုန်းနံပါတ်ကို ထည့်ပြီး “ရှေ့သို့” ကိုနှိပ်ပါ။

3. ဖုန်းထဲသို့ ဝင်လာသည့် OTP နံပါတ် 6လုံး ကိုထည့်ပါ။

4. “စာရင်းသွင်းမည်” ခလုတ်ကိုနှိပ်ပါ။

5. “Foreigner” ကိုရွေးပြီးလျှင် “ပတ်စ်ပို့ Scan လုပ်ခြင်း” ကိုနှိပ်ပါ။

6. ပတ်စ်ပို့ကို စစ်ဆေး၍ ပြထားသည့်အတိုင်း အမှန်ခြစ်များ နှိပ်ပြီးလျှင် “ရှေ့သို့” ကိုနှိပ်ပါ။

7. မျက်မှန်၊ ဦးထုပ်နှင့်နှာခေါင်းစည်းတို့ကို ခတ္တဖယ်ရှားပြီး “ဆယ်ဖီရိုက်ပါ” ဟူသော ခလုတ်ကိုနှိပ်၍ စကန်လုပ်ပါ။

8. စကန်လုပ်ပြီးလျှင် မျက်တောင်နှစ်ချက်ခပ်လိုက်ပါ။

9. ပုံပါအတိုင်းအချက်အလက်များကို ရွေးချယ်/ဖြည့်သွင်းပါ။ မဖြစ်မနေ ရွေးချယ်/ဖြည့်သွင်းရန် လိုအပ်သောနေရာများကို အနီရောင်ဘောင်ဖြင့်ပြထားသည်

10. လိုအပ်သည့် အချက်များအားလုံးဖြည့်ပြီးလျှင် “ရှေ့သို့” ကိုနှိပ်ပါ

11. မိမိကိုင်ဆောင်ထားသော ဝေါ့ပါမစ်ပုံစံကို ရွေးချယ်ပါ။

12. “မှတ်တမ်းစာရွက် ဓာတ်ပုံရိုက်ရန်” ကိုနှိပ်ပါ။

13. ဓာတ်ပုံကိုစစ်ဆေးပြီးလျှင် “ဤပုံကို သုံးမည်” ကိုနှိပ်ပါ။

14. ပို၍သေချာစေရန် ဓာတ်ပုံများထပ်ရိုက်နိုင်ပါသည်။ ထို့နောက်“မှတ်တမ်းတင်သွင်းမည်”
ကို နှိပ်ပါ။ (ပန်းရောင်ကတ်ဆိုလျှင် ကတ်၏ နှစ်ဖက်စလုံးကို ဓာတ်ပုံရိုက်ပါ)

15. ပြီးလျှင် မိမိ အီးမေးလ်အကောင့် (email)နှင့် ပတ်စဝေါ့ကိုထည့်ပြီး “ရှေ့သို့”ခလုတ်ကိုနှိပ်ပါ။ အီးမေးလ်မရှိလျှင် “No email” ကိုနှိပ်ပါ။

16. TrueMoneyဝေါလပ်အကောင့်ဖွင့်ခြင်း ပြီးဆုံးပါပြီ၊ အသုံးပြုခွင့်ရရှိရန်
စောင့်ဆိုင်းပေးပါ။ စာအိတ်ထဲသို့ ရလဒ်အား ပို့ပေးပါမည်။